Byရဲနိုင်၊ ဝဏ္ဏအောင်

ဓာတ်ဆီ၊ ဒီဇယ် တစ်ဂါလန် ဝယ်ယူတိုင်း အခွန် ကောက်ခံမည့် ဥပဒေပြဋ္ဌာန်းပြီးပါ က တစ်နိုင်ငံလုံးရှိ ဆောက်လုပ် ရေး ဝန်ကြီးဌာနက ကောက်ခံ နေသော လမ်းတံတား အသုံးပြုခ ကောက်ခံသည့် ဂိတ်များတွင် ကောက်ခံတော့မည် မဟုတ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော် လင်းက ပြောသည်။

‘‘ဓာတ်ဆီတစ်ဂါလန်ဝယ် တိုင်း ဝယ်တိုင်းမှာ လမ်းပြင်ဖို့ အတွက် ဘယ်လောက်ထပ် ဆောင်းပါဆိုတဲ့ ဥပဒေတစ်ခု အတည်ပြုသွားရင် ဒီဂိတ်တွေ လည်း မလိုတော့ဘူး’’ဟု ၎င်းက ပြောသည်။

အဆိုပါ ဥပဒေကို ဝန်ကြီး ဌာနကရေးဆွဲနေပြီး ပြီးဆုံးမည့် အချိန်နှင့် ဂိတ်များတွင် အသုံးပြုခ ကောက်ခံမှု ရပ်ဆိုင်းမည့်ကာလ၊ ကောက်ခံမည့် နှုန်းထားတို့ကို ပြောကြားခြင်းမရှိပေ။

နိုဝင်ဘာ ၁ ရက်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တိုးဂိတ်များကို လမ်းတံတား အသုံးပြုခွင့် ပယ်ဖျက်ရန် ကိစ္စနှင့် ပတ်သက်၍ 7Day Dailyသတင်း စာ၏ မေးမြန်းမှုကို ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့သည်။

အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ဂိတ် ၁၆၁ ခု ကို ၂၀၁၆ ဧပြီကစ၍ လမ်းအသုံး ပြု ကောက်ခံမှုမပြုတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

‘‘ကျန်နေတဲ့ ဂိတ်တွေက တော့ နိုင်ငံတော် ဝင်ငွေတင် မဟုတ်ဘူး။ လုံခြုံရေးအတွက်ပါ အထောက်အကူပြုတယ်။ တန်ပို ထိန်းသိမ်းရေး အတွက်ပါ အထောက်အကူပြုတယ်။ လော လောဆယ်မှာတော့ ဒီဂိတ်လေး တွေက ရှိနေမယ်’’ဟု ဦးကျော် လင်းက ပြောသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တွင် လက်ရှိ၌ လမ်းတံတား အသုံးပြုခ ကောက်ခံနေဆဲဂိတ် ၁၄၁ ခုရှိသည်။

ဓာတ်ဆီ၊ ဒီဇယ်နှုန်းထား များအပေါ် ကောက်ခံမည့်အခွန် နှုန်းထားကို အတိအကျမသိသေး သဖြင့် မှတ်ချက်ပေးရန် မလွယ် ကူကြောင်း JJ ခရီးသွားလုပ်ငန်း ပိုင်ရှင် ဦးမြင့်ဦးက ပြောသည်။