အောက်တိုဘာ ၉ ရက်က အီဂျစ်နိုင်ငံကိုလာရောက်တဲ့ အသက် ၃၀ နှစ်အရွယ် လော်ရာ ပလမ်မာကို သူမရဲ့ ခရီးဆောင်အိတ်အတွင်း ထရာမာဒေါလ် (Tramadol) နာကျင်ကိုက်ခဲပျောက်ဆေး အရေအတွက် ၂၉၀ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လော်ရာက သူမရဲ့ချစ်သူ အီဂျစ်အမျိုးသား နောက်ကျော နာကျင်နေမှုကို ကုသရန်အတွက် အဆိုပါ နာကျင်ကိုက်ခဲပျောက်ဆေးများကို အီဂျစ်နိုင်ငံအတွင်းသို့ သယ်ဆောင်လာခဲ့တယ်လို့ ပြောပါတယ်။

play

လော်ရာနှင့် သူမ၏ချစ်သူ အီဂျစ်အမျိုးသား


Tramadol နာကျင်ကိုက်ခဲပျောက်ဆေးကို ဗြိတိန်မှာ တရားဝင်သုံးခွင့် သို့မဟုတ် ဆရာဝန်ညွန်ကြားချက်ဖြင့် သောက်သုံးခွင်ပြုထားပေမဲ့ အီဂျစ်နိုင်ငံမှာ တားမြစ်ဆေးဝါးအဖြစ် ဥပဒေဖြင့် အသုံးပြုခွင့်ပိတ်ပင်ထားပါတယ်။

လော်ရာရဲ့ ပြစ်ဒဏ်ကို ရှေ့နေတွေက အယူခံဝင်ထားကြောင်း သူမရဲ့မိသားစုက ပြောပါတယ်။ အီဂျစ်နိုင်ငံမှာ Tramadol နာကျင်ကိုက်ခဲပျောက်ဆေးကို တားမြစ်ဆေးအဖြစ် သတ်မှတ်ထားကြောင်း မသိခဲ့ဘူးလို့ လော်ရာက အစောပိုင်းမှာ ပြောခဲ့ပါတယ်။

play

ဒီဇင်ဘာ ၂၆ ရက်က လော်ရာကို အမိန့်ချမှတ်တဲ့ တရားခွင်မှာရှိနေခဲ့တဲ့ သူမရဲ့မိခင်က "ဒီနေ့ ချမှတ်လိုက်တဲ့ တရားရုံးအမိန့်ကို ကျွန်မ အံ့အားသင့်နေရဆဲပါ၊ ၂ လကြာ စောင့်ခဲ့ရပြီး အခုလို အမိန့်ချမှတ်လိုက်တာကို မယုံနိုင်အောင်ပါပဲ" လို့ ပြောပါတယ်။

လက်ရှိမှာ သူမရဲ့သမီးကို နောက်ထပ် ရဲစခန်းတစ်ခုသို့ ရွှေ့ပြောင်းလိုက်ပြီး ထိုမှတစ်ဆင့် အကျဉ်းထောင်သို့ ပို့ဆောင်သွားမယ်လို့ လော်ရာရဲ့မိခင်က ဆိုပါတယ်။

play

Tramadol နာကျင်ကိုက်ခဲဆေး


လော်ရာက အီဂျစ်ကိုသွားရောက်စဉ်မှာ Tramadol နာကျင်ကိုက်ခဲဆေးတွေကို သိုဝှက်သယ်ဆောင်ခဲ့တာမျိုး မဟုတ်ခဲ့ဘဲ အဆိုပါ ဆေးပြားတွေကို သူငယ်ချင်းတစ်ဦးက ပေးအပ်ခဲ့ကြောင်းနဲ့ သူမကို အီဂျစ်အာဏာပိုင်တွေက ခေါ်ဆောင်သွားခဲ့စဉ် နောက်ပြောင်ကျီစယ်နေတယ်လို့သာ လော်ရာက ထင်ခဲ့မိကြောင်း သူမရဲ့မိသားစုက ပြောပါတယ်။

Tramadol နာကျင်ကိုက်ခဲပျောက်ဆေးပြား

  • နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ ဆေးဝါးဖြစ်ပါတယ်။

  • Class C အဆင့် ဆေးဝါးအဖြစ် သတ်မှတ်ထားပြီး ဗြိတိန်နိုင်ငံမှာသာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်ဖြင့် ဝယ်ယူအသုံးပြုနိုင်ပါတယ်။

  • Class C အဆင့် ဆေးဝါးဟာ သောက်သုံးရန် ညွှန်ကြားခြင်းခံရသူ တစ်ဦးတည်းသာလျှင် သုံးခွင့်ရှိပြီး အခြားသူထံ လွှဲပြောင်းပေးခွင့် မရှိပါဘူး။

Credit : Duwun