ရန်ကုန်၊ ဒီဇင်ဘာ ၁၇ – ဟိုတယ်နဲ့ခရီးသွားဘာသာရပ်ကို စိတ်ဝင်စားသူတွေအတွက် ဆွစ်ဇာလန်နိုင်ငံက ဘွဲ့ဒီဂရီကို စင်ကာပူနဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံအတွေ့အကြုံနဲ့ တက် ရောက်နိုင်တယ်လို့ သိရပါတယ်။
ဟိုတယ်နဲ့ခရီးသွားလာရေးပိုင်းကို စိတ်ဝင်စားတဲ့ ကျောင်းသူကျောင်းသား တွေအနေနဲ့ ခေတ်မီတိုးတက်တဲ့ နည်းပညာတွေ၊ နိုင်ငံတကာအဆင့်မီ ဘာသာ ရပ်ဆိုင်ရာ သင်ခန်းစာတွေကို လုပ်ငန်းခွင်အတွေ့အကြုံရှိ ဆရာ ဆရာမတွေကိုယ်တိုင် သင်ကြားပို့ချပေးတဲ့ Hotel and Tourism Management Institute (HTMi) မှာတက်ရောက်ရမှာ ဖြစ်ပါတယ်။

HTMi မှာ စင်ကာပူနိုင်ငံ အစိုးရအသိ အမှတ်ပြု Edu-Trust ရရှိထားတဲ့ ကျောင်း တစ်ကျောင်း ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ စာတွေ့ခြောက်လအပြင် လက်တွေ့ခြောက်လ လုပ်ငန်းခွင်အတွေ့အကြုံတွေကို နိုင်ငံတကာအ ဆင့်မီ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ နဲ့ ခရီးသွားဝန်ဆောင်မှုကုမဏီတွေမှာ ဝင် ရောက်လုပ်ကိုင်ကာ လုပ်ငန်းအတွေ့အကြုံ ရယူနိုင်မှာ ဖြစ်ပါတယ်။
ကျောင်းသူ ကျောင်းသားတွေအနေနဲ့ စင်ကာပူရှိ HTMi ကျောင်းမှာ ဒီပလို မာ နဲ့ အဆင့်မြင့်ဒီပလိုမာ တန်းတွေကို တက်ရောက်ပြီး ဘွဲ့ဒီဂရီရရှိဖို့အတွက် ဆွစ်ဇာလန်နိုင်ငံရှိHTMi ကျောင်းမှာ နောက်ဆုံးနှစ်ကို တက်ရောက် ရမှာဖြစ်ပြီး ကျောင်း သူကျောင်းသားတွေ အနေနဲ့ စင်ကာပူ၊ ဆွစ်ဇာလန် နှစ်နိုင်ငံ အ တွေ့အကြုံကိုပါ ရရှိမယ်လို့ ဆိုပါတယ်။

ဝင်ခွင့်သတ်မှတ်ချက်အနေနဲ့ မြန်မာ နိုင်ငံက တက္ကသိုလ်ဝင်တန်း အောင်မြင် ထား ပြီး သူ တေ∑၊ IGCSE ဖြေဆိုအောင် မြင် ထား ပြီးသူ တွေ၊ တက္ကသိုလ်က ဘွဲ့ရရှိ ထားတဲ့ ကျောင်းသူကျောင်းသားတွေ တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။ အင်္ဂ လိပ် စာဝင်ခွင့် သတ်မှတ်ချက်အနေနဲ့ ဒီပလိုမာ တန်း အတွက် IELTS (5) နဲ့ အဆင့်မြင့် ဒီပလိုမာ တန်းတေ∑အတ∑က် IELTS (5.5) ရရှိဖို့ လို ပါတယ်။ ကျောင်းဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်တွေအတွက် အသေးစိတ် သိရှိ လိုပါက STUDY ABROAD Infor-mation Centre (ရန်ကုန်ရုံး) ဒိုင်းမွန်း ကွန်ဒို၊ တာဝါ ဘီ၊(၁၅) လွှာ၊အခန်းနံ ပါတ် (၁၅၀၂) မေတ†ာ ဦး ဆေးခန်းအနီး၊ ပြည် လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-ဝ၉ ၅၁၅၁၀ဝ၈၊ ဝ၉ ၇၃၂၄၂၄၀၄ ကို ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါ တယ်။

Author / မေသော်တာမောင်