တောင်ကြီးမြို့ ဧရာဝတီဘဏ်ခွဲ ၁ မန်နေဂျာထံ ရန်ကုန်ရုံးချုပ်မှ Royal Taunggyi. Hotel တွင်ထားရှိသော ATM Terminal 5 စက် Error. စက်ချို့ယွင်းနေသည်ကို ရုံးချုပ်တွင်ထားရှိသော ATM. Sever. စက်တွင်တွေ့ရှိကြောင်း အကြောင်းကြားသဖြင့် ဒီဇင်ဘာလ ၁၂ရက်နေ့ ညနေ ၅နာရီခွဲတွင် ATM စက်သေတ္တာများအား ဘဏ်ခွဲ ၁ သို့ ယူဆောင်စစ်ဆေးရာ ၂၂၃သိန်း ၈သောင်း ၁ ထောင်ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ဆက်လက်၍ စူဌာမုနိဘုရားပေါ်ရှိ ATM Terminal3 စက်အား စစ်ဆေးရာ ၁၁၇ သိန်း ၅သောင်း ၃ထောင် ပျောက်ဆုံးနေသည်ကို ထပ်မံစစ်ဆေးတွေရှိရပြီး လျိုဝှက်နံပါတ်ဖြင့် ဖွင့်ရသော တံခါးမပျက်စီးဘဲ ပျောက်ဆုံးနေသဖြင့် Royal Taunggyi Hotal ရှိ cctv စစ်ဆေးရာ တောင်ကြီး ဘဏ်ခွဲ ၁ ဝန်ထမ်းဟောင်း သီဟနိုင် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

သို့ဖြစ်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ၃နာရီ အချိန်တွင် အမှုဖွင့်ခဲ့ရာ တောင်ကြီး မြို့မရဲစခန်း (ပ)၁၀၃၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ခဲ့ပါသည်။


အမှုဖြစ်စဉ်အား ပြည်နယ်ရဲတပ်ဖွဲ့ မှူးထံတင်ပြခဲ့ပြီး ညွှန်ကြားချက်အရ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးရဲမြင့်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲမှူးဒုရဲမှူးစိုးအောင်၊ မြို့မစခန်းမှူး ဒုရဲမှူးမျိုးဦးတို့မှအခင်းဖြစ်နေရာအား ကြည့်ရှုစစ်ဆေးခြင်း၊ မြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ကိုယု၊ နယ်မြေ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လင်းလင်းဇော်တို့အား အဖွဲ့ငယ်များခွဲ၍ တရားခံဖမ်းဆီးရမိရေးစုံစမ်းစေခဲ့ရာ ညနေ ၆နာရီ အချိန်တွင် တရားခံဝင်ရောက်လာသဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အမှုမှ တရားခံသီဟနိုင်အား ပူးပေါင်းစစ်ကြော ဖော်ထုတ်ခဲ့ရာ ပြစ်မှူကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံငွေနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ခရိုင်ရဲတပ်ဖွဲမှူးကြီးကြပ်ဆောင်ရွက့်ခဲ့ရာ ခိုးယူခဲ့သော ငွေ (၃၅၄)သိန်းနှင့် ပြစ်မှူကျူးလွန်ရာတွင် အသုံးပြုခဲ့သောသက်သေခံ ပစ္စည်းများ ညောင်ရွှေ Amazing . Hotel. ATM Terminal4 မှပျောက်ဆုံးခဲ့သောငွေ ၁၈၉ သိန်း ၁သောင်း ၁ထောင်အပါအဝင် စုစုပေါင်းပျောက်ဆုံးငွေမှာ(၅၄၀)သိန်း(၄)သောင်း(၅)ထောင်ကျပ် နှင့် ၄င်းငွေဖြင့်ဝယ်ယူထားသော ကားတို့အားသိ မ်းဆည်းရမိခဲ့ပါကြောင်းနှင့်ကျန်ရှိသက်သေခံပစ္စည်းများသိမ်းဆည်းမိရေးဆောင်ရွက်လျှက်ရှိသည်ဟုသိရသည်။

Shan Min Thar
သံလွင်သွေးချင်း