နိုဝင်ဘာ ၁၈ – စနေနေ့ မနက်ပိုင်းက ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ရွေ့လျားစက်လှေကားတစ်ခုဟာ ရွေ့ လျားနေစဉ် လှေကားထစ်အချို့ ရုတ် တရက် အောက်ကို ကျွံဝင်နိမ့်ဆင်းသွားခဲ့တာကြောင့် ခရီးသည်တွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ပြည်ပခရီးသွား လေဆိပ်ပေါက်ဝက စက်လှေကားဟာ မနက် ၆းဝ၀ နာရီဝန်း ကျင်ခန့်မှာ ပျက်စီးခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတစ်ယောက်မှ မရှိဘူးလို့ မီဒီယာတွေက ရေးသားထားပါတယ်။

အတက်စက်လှေကားစရွေ့ပြီး မကြာ ခင် မနက်၆းဝ၀ နာရီမှာ လှေကားထစ် အချို့ ရုတ်တရက် ပြိုကျသွားတာ  ဖြစ်ပါ တယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရရှိခဲ့ဘူးလို့ဆိုပြီး စုံစမ်းစစ်ဆေးနေစဉ်မှာ သည်လှေကားကို ပိတ်ထားတယ် လို့ သိရပါတယ်။

ခရီးသည်အများအပြား စီးနင်းမှု ကြောင့် ထွက်ခွာဂိတ်တစ်ခုနားက သည် စက်လှေကား တဖြည်းဖြည်းချိုယွင်းခဲ့ရ တာဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်တွေက ဆိုပါတယ်။ဒါကြောင့် သည်ဂိတ်ရဲ့ အလယ်နားလောက်က အခြားစက်လှေကားတွေနဲ့ ဓာတ်လှေကားတွေကိုသာ အသုံးပြုဖို့ လေဆိပ်အရာရှိတွေက အကြံပြုထားပါတယ်။လေဆိပ် အထွေထွေမန်နေဂျာ မန်နာ သန်နစ်ရတ်ဂန်က သည်စက်လှေကားကို ပြန်လည်ပြင်ဆင်နေပြီး စနေနေ့ညနေ ပိုင်းမှာ ပြန်ဖွင့်နိုင်မယ်ထင်တယ်လို့ ပြောပါတယ်။

နှင်းသန့် [ref: Bangkokpost, Nov 18, 2017]