အင်္ဂလန်အရှေ့တောင်ပိုင်း ဘက်ကင်မ်ဟမ်ရှိုင်းယား ကောင်းကင်ယံမှာ လေယာဉ်နဲ့ ရဟတ်ယာဉ် တိုက်မိခဲ့ပြီး ပျက်ကျမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ တိုက်မိခဲ့တဲ့ လေယာဉ်ငယ်ပေါ်မှ ၂ ဦးနဲ့ ရဟတ်ယာဉ်ပေါ်မှ ၂ ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

playပျက်ကျခဲ့သည့် လေယာဉ်အစိတ်အပိုင်း


ရဲတပ်ဖွဲ့နဲ့ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာနတို့က ယခုဖြစ်ရပ်ကို ပူးပေါင်း စစ်ဆေးနေကြောင်း သိရပါတယ်။ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက အိုင်လက်စ်ဘူရီမြို့ငယ်အနီး နာမည်ကျော် ဝက်ဒက်စ်ဒန် ဥယျာဉ်အိမ်ရာကြီးအနီးမှာ လေယာဉ်နဲ့ ရဟတ်ယာဉ် တိုက်မိပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

playနာမည်ကျော် ဝက်ဒက်စ်ဒန် ဥယျာဉ်အိမ်ရာ


တိုက်မိခဲ့တဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်ဟာ လေဆိပ်တစ်ခုတည်းမှ ပျံတက်လာခဲ့တာ ဖြစ်တယ်လို့ ဝိုင်ကွမ်ဘီလေဆိပ် ပြောခွင့်ရအမျိုးသားက ဆိုပါတယ်။

playCessna 152 လေယာဉ်အမျိုးအစား


လေယာဉ်နဲ့ ရဟတ်ယာဉ် တိုက်မိခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြန်ရန် အချိန်စောနေသေးကြောင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

play


ရဟတ်ယာဉ်နဲ့ ဝင်တိုက်ခဲ့တဲ့ လေယာဉ်ဟာ Cessna 152 လေယာဉ်ငယ်ဖြစ်ကြောင်း လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာနက အတည်ပြုပါတယ်။ ရဟတ်ယာဉ်ကလည်း နှစ်ယောက်စီး အသေးစား ရဟတ်ယာဉ်ဖြစ်ကြောင်း သိရပါတယ်။

playလေယာဉ်နဲ့တိုက်မိခဲ့သည့် ရဟတ်ယာဉ်အမျိုးအစား


လေယာဉ်နဲ့ ရဟတ်ယာဉ် တိုက်မိပြီး ပျက်ကျခဲ့တဲ့နေရာအနီးရှိ ဝက်ဒက်စ်ဒန် ဥယျာဉ်အိမ်ရာဟာ ဘက်ကင်မ်ဟမ်ရှိုင်းယားမှာ မင်္ဂလာပွဲများ ကျင်းပပြုလုပ်တဲ့ နေရာတစ်ခုအဖြစ် ထင်ရှားပါတယ်။ အဆိုပါနေရာကို ၁၈၇၄ ခုနှစ်မှာ ထင်ရှားတဲ့ ရော့စ်ချိုင်းဒ် ဘဏ်လုပ်ငန်းရှင်မိသားစုက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Credit : original