မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ ပြုလုပ်ထားသည့် လှိုဏ်ဂူများရှာဖွေတွေ့ရှိ

နေပြည်တော် ၊ နိုဝင်ဘာ- ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လှိုဏ်ဂူများတွေ့ရှိကြောင်း သတင်းအရ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများသို့ သွားရောက်ရှာဖွေရာ ကျောက်ပန္တု ကျေးရွာအလယ်ရှိ တောင်ကုန်းငယ်၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ သစ်လုံးများမိုးထားပြီး ပျဉ်ခင်းထားသော လူလုပ်လှိုဏ်ဂူတစ်ခုကိုတွေ့ရှိခဲ့ကာ စစ်ဆေးချက်များအရ ယခင်က အကြမ်းဖက်သမားများ ၏ ရိက္ခာနှင့် ဆေးဝါးများသိုလှောင်ခဲ့သည့် ခြေရာလက်ရာများကို ရှာဖွေ့တွေ့ရှိရသည်။

ဆက်လက်ပြီး သင်္ဘောကွေ့ကျေးရွာသို့ ထပ်မံသွားရောက်ရှာဖွေခဲ့ရာ ကျေးရွာ၏ အရှေ့ဘက်တောင်ကုန်း၌ အမြင့် ၄ ပေ၊ အနံ ၃ ပေရှိပြီး ကျောက်သားအား ထွင်းထားသော လှိုက်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။


အဆိုပါလှိုဏ်ဂူသည် အပေါက်ဝမှ ပေ ၃၀ ခန့်ဝင်ရောက်သွားပါက လမ်းခွဲ ၂ ခုရှိကာ ယာဘက်လမ်းခွဲ၏ အရှည်သည် ပေ ၄၀ ခန့်ရှိပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိလူနေထိုင် အိပ်စက်နိုင်ရန်နေရာများနှင့် အဆုံး၌ ၅ ပေ ပတ်လည်အကျယ်ရှိ မြေလွတ်တစ်ခုတို့ကိုပြုလုပ်ထားကြောင်း၊ ၀ဲဘက်လမ်းခွဲ၏ အရှည်သည်လည်း ပေ ၄၀ ခန့်ရှည်လျာပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိ လူနေထိုင် အိပ်စက်ရန်နေရာများနှင့် လမ်းအဆုံး၌ ထွက် ပေါက်တစ်ခုတို့ကို ပြုလုပ်ထားကြောင်းနှင့် ၎င်းလှိုဏ်ဂူသည် ယခင်က အကြမ်းဖက်သမားအင်အား ၂၀ ဦးမှ ၂၅ ဦးခန့်နေထိုင်ခဲ့ကြောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး လှိုဏ်ဂူအတွင်းမှ ဆန်အိတ်ပိုင်း ၅ ပိုင်း၊ ဆီပုံးခွံ ၁ ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း(ဘ)မိုဟာမတ်ကာလာမျာနှင့် ကျောက်ပန္တုကျေးရွာနေ အဒူဟာ လိပ်(ဘ)အာဘူဟာရှိန်းတို့၏ အမည်များပါရှိသည့် ကျောင်းသားကတ် ၂ ခု၊ ကိုရမ်ကျမ်း စာအုပ် ၃ အုပ်နှင့် ဟောင်းနွမ်းနေသည့် အင်္ကျီ ၃ ထည်တို့အား ရှာဖွေတွေ့ရှိရသည်။

အဆိုပါလှိုဏ်ဂူများတွေ့ရှိခဲ့သည့် ကျေးရွာများနှင့် အနီးတစ်ဝိုက်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေး စိတ်စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး