စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ကျော်ဇင်ဝင်း တီထွင်ခဲ့သည့် သစ်သားလေယာဉ်ကို နည်းပညာအာမခံချက် မရှိသဖြင့် ပျံသန်းခွင့်မပြုကြောင်း မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က ပြောကြားသည်။ “ သူက နည်းပညာအရ အာမခံချက် မရှိဘူး။ လူကိုယ်တိုင်လည်း လိုက်မှာဖြစ်တဲ့အတွက် အန္တရာယ် ရှိတယ် ” ဟု ၄င်းက ဆိုသည်။ ကိုယ်ထည်တွင် MYANMAR ဟု ရေးသားထားသည့် ယင်းသစ်သားလေယာဉ်သည် အလျား ၁၄ ပေခွဲ၊ တောင်ပံထိပ်နှစ်ဖက်အကျယ် ၁၇ ပေ ရှိကာ ရှစ်လခန့် အချိန်ယူ၍ တည်ဆောက်ခဲ့ကြောင်း၊ ဟွန်ဒါ ၁၆ ကောင် ဓာတ်ဆီအင်ဂျင်ဖြင့် လူကိုယ်တိုင် မောင်းနှင်ပျံသန်းရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မောင်ကျော်ဇင်ဝင်း၏ မိသားစုဝင်များထံမှ သိရသည်။

“ မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့ ရွာကထိန်မှာ ပျံသန်းဖို့ စာတင်ထားတာ အခုထိတော့ အကြောင်းမပြန်သေးဘူး ” ဟု အစ်ကိုတော်စပ်သူ ကိုသန်းဝင်းနိုင်က ပြောကြားသည်။
မောင်ကျော်ဇင်ကောင်းသည် စတုတ္ထတန်းအထိသာ ပညာသင်ကြားဖူးပြီး လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူ ဖြစ်ကာ လေယာဉ်တည်ဆောက်ရန်အတွက် ငွေကျပ် ၁၅ သိန်းခန့် အသုံးပြုခဲ့သည်။
The Voice Journal