သင့် မျက်လုံး တွေ နီရဲနေရတဲ့ အကြောင်းအရင်း (၆) ချက်


ကွန်ပြူတာ အကြည့်များတဲ့ လူငယ် တွေနဲ့ အသက် ၅၀ ကျော်လူကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။

၁ – မျက်လုံး တွေခြောက်နေတယ်
မျက်လုံး တွေ ခြောက်သွေ့နေတဲ့အခါမှာ မျက်လုံးဟာ ယားယံပြီး နီရဲတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုခြောက်သွေ့တာဟာ ကွန်ပြူတာ အကြည့်များတဲ့ လူငယ် တွေနဲ့ အသက် ၅၀ ကျော်လူကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။ ကွန်ပြူတာ မျက်နှာပြင် ကို အကြည့်များတဲ့အခါ မျက်တောင်ခတ် တာတွေ နည်းလာတာကြောင့်လည်း ပါပါတယ်။
၂ – ဆေးဝါး

သင် ပုံမှန်သောက်သုံးနေရတဲ့ ဆေးဝါး တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ibuprofen လို နာကျင်မှု ကို သက်သာစေတဲ့ ဆေးတွေ၊ အိပ်ဆေး တွေနဲ့ စတဲ့ ဆေးဝါး တွေဟာလည်း မျက်လုံးကို ခြောက်သွေ့ နီရဲမှုတွေ ဖြစ်စေပါတယ်။
၃ – အိပ်ရေးမဝခြင်း


အိပ်ရေးမဝ ဘဲ နိုးလာတဲ့အခါမျိုးမှာလည်း မျက်လုံး တွေက နီရဲနေတတ်ပါတယ်။ မျက်လုံး ရဲ့ မျက်ရည် ထွက်ပေါ်ရာအပိုင်း အားပြန်ပြည့်ဖို့အတွက် အချိန်အတော်ကြာအောင် မျက်စိမှိတ်အနားယူဖို့လိုပါတယ်။
၎ – အရက်



အရက်သောက်ခြင်း ဟာ မျက်လုံးသွေးကြောတွေထဲ သွေးများကို ပိုမိုစီးဆင်းစေပါတယ်။
၅ – ဆေးလိပ်


ဆေးလိပ် သောက်ခြင်း ကတော့ မျက်လုံး သွေးကြော များကို ကျုံ့စေပါတယ်။ ဒီလိုကျုံတာကြောင့် မျက်လုံးမျက်နှာပြင်ခြောက်သွေ့ပြီး နီရဲတာတွေ ဖြစ်လာပါတယ်။
၆ – ရေကူး

ပင်လယ်ကမ်းခြေမှာ ရေကူး တဲ့အခါ ဆားဓာတ်ကြောင့် မျက်လုံးနီရဲမှုတွေ ဖြစ်နိုင်ပါတယ်။ ရေကူး ကန်မှာ ကူးတဲ့အခါမှာလည်း ကလိုရင်းလို ဓာတုပစ္စည်းတွေကြောင့် နီရဲမှုတွေ ဖြစ်နိုင်ပါတယ်။